ကိုယ်ရေးအချက်အလက်မူဝါဒ
Wisdom Garden (“ကျွန်ုပ်တို့” ၊ “ကျွန်ုပ်တို့၏” (သို့မဟုတ်) “ကျွန်ုပ်တို့အား” ဟူသောအသုံးနှုန်းသည် Wisdom Garden ကိုရည်ညွှန်းပါသည်)သည် https://wisdomgarden-mr.com ဝဘ်ဆိုဒ်နှင့် အက်ပ်လီကေးရှင်းအား ပြုလုပ်ဆောင်ရွက်ပါသည်။
ဤကိုယ်ရေးအချက်အလက်မူဝါဒသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို သင်အသုံးပြုသည့်အခါ ကိုယ်ရေးအချက်အလက်များ စုဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်းဆိုင်ရာ ကျွန်ုပ်တို့၏မူဝါဒများကို ဖော်ပြထားပါသည်။ ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် သင်သည် ဤမူဝါဒနှင့်အညီ အချက်အလက်များ စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို သဘောတူပါသည်။
ကျွန်ုပ်တို့သည် မည်သည့်ကိုယ်ရေးအချက်အလက်များကို အဘယ်ကြောင့် စုဆောင်းသနည်း
ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို သင်အသုံးပြုသည့်အခါ အောက်ပါအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပါသည် –
ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်များ –
- အမည်
- အီးမေးလ်လိပ်စာ
- အကောင့်၏ နှစ်သက်ရွေးချယ်ထားမှုများ
နည်းပညာဆိုင်ရာ အချက်အလက်များ –
- IP လိပ်စာ
- ဘရောက်ဆာ (Browser) အမျိုးအစားနှင့် ဗားရှင်း
- ကြည့်ရှုခဲ့သည့် စာမျက်နှာများနှင့် အသုံးပြုခဲ့သည့်အချိန်
ကျွန်ုပ်တို့သည် အထက်ပါအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် စုဆောင်းပါသည်။
- ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်နှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန်
- ကျွန်ုပ်တို့၏ပလက်ဖောင်းလုံခြုံရေးကို ပိုမိုထိရောက်စေရန်
- ဥပဒေဆိုင်ရာ တာဝန်များကို လိုက်နာရန် (သက်ဆိုင်ပါက)
ကွတ်ကီးများ
“ကွတ်ကီးများ” ဆိုသည်မှာ သင်၏စက်ပစ္စည်းထဲတွင် သိမ်းဆည်းထားသော သေးငယ်သောဒေတာဖိုင်များဖြစ်သည်။ ကျွန်ုပ်တို့သည် သင်၏ အသုံးပြုမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန်နှင့် အသုံးပြုမှုပုံစံများကို ခွဲခြမ်းစိတ်ဖြာစေရန် ကွတ်ကီးများကို အသုံးပြုထားပါသည်။ သင်၏ ဘရောက်ဆာ (Browser) ဆက်တင်များမှတစ်ဆင့် ကွတ်ကီး ရွေးချယ်မှုများကို သင်ထိန်းချုပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒကို ကျေးဇူးပြု၍ ကိုးကားဖတ်ရှုပါ။
ခွဲခြမ်းစိတ်ဖြာခြင်း
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို စောင့်ကြည့်ရန်နှင့် ပိုမိုကောင်းမွန်အောင် မြှင့်တင်ရန်၊ ပြင်ပ(တတိယပါတီ)အဖွဲ့အစည်း၏ ခွဲခြမ်းစိတ်ဖြာခြင်းဝန်ဆောင်မှုများကို အသုံးပြုပါသည်။ ဤဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူ ကြည့်ရှုခဲ့သည့် စာမျက်နှာများ၊ အသုံးပြုသည့်ကြာချိန်နှင့် အသုံးပြုသူ အပြန်အလှန်တုံ့ပြန်မှုများ အစရှိသည့် အချက်အလက်များကို စုဆောင်းနိုင်ပါသည်။
သင်၏ဒေတာအချက်အလက်များကို မည်သူများနှင့်မျှဝေသနည်း
ကျွန်ုပ်တို့သည် သင်၏ဒေတာအချက်အလက်များကို ယုံကြည်စိတ်ချရသော ပြင်ပ(တတိယပါတီ)အဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများနှင့် မျှဝေနိုင်ပါသည်၊ အထူးသဖြင့် အောက်ပါရည်ရွယ်ချက်များအတွက်သာ ဖြစ်ပါသည် –
- ကျွန်ုပ်တို့၏ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရန်
- ဝန်ဆောင်မှုနှင့်သက်ဆိုင်သော လုပ်ငန်းများကို ဆောင်ရွက်ရန် (ဥပမာ – ဆာဗာလုပ်ငန်းဝန်ဆောင်မှု၊ ခွဲခြမ်းစိတ်ဖြာမှု)
- ဥပဒေဆိုင်ရာလိုအပ်ချက်များကို လိုက်နာရန်
ဤဝန်ဆောင်မှုပေးသူများသည် သင်၏ဒေတာအချက်အလက်များကို ကာကွယ်ရန်နှင့် သတ်မှတ်ထားသောရည်ရွယ်ချက်များအတွက်သာ ၎င်းတို့ကိုအသုံးပြုရန် တာဝန်ရှိသည်။
သင်၏ဒေတာအချက်အလက်များကို မည်မျှကြာကြာ ထိန်းသိမ်းထားသနည်း
ကျွန်ုပ်တို့သည် ဒေတာအချက်အလက်များကို အောက်ပါအတိုင်း ထိန်းသိမ်းထားပါသည် –
- ခွဲခြမ်းစိတ်ဖြာမှုမှတ်တမ်းများ – ၁ နှစ်
- အသုံးပြုသူ၏အကောင့်ဒေတာများ – အကောင့်အသက်ဝင်နေသရွေ့
သင်၏ဒေတာအချက်အလက်များနှင့်ပတ်သက်၍ သင်သည် မည်သည့်အခွင့်အရေးများရရှိသနည်း
အသုံးပြုသူတစ်ဦးအနေဖြင့် သင်သည် အောက်ပါအခွင့်အရေးများရှိပါသည် –
- သင်၏ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန်
- ပြင်ဆင်မှုများ (သို့မဟုတ်) မွမ်းမံမှုများ တောင်းဆိုရန်
- သင်၏ဒေတာအချက်အလက်များအား ဖျက်သိမ်းရန်
- အချို့သော ဒေတာအချက်အလက် လုပ်ဆောင်မှုလုပ်ငန်းစဉ်များမှ ပယ်ဖျက်ရန်
ဤအခွင့်အရေးများကို လုပ်ဆောင်ကျင့်သုံးရန် contact@wisdomgarden-mr.com သို့ ဆက်သွယ်နိုင်သည်။
ဒေတာလွှဲပြောင်းမှုများ
ကျွန်ုပ်တို့သည် သင်၏ဒေတာအချက်အလက်များကို သင်နေထိုင်ရာနိုင်ငံပြင်ပရှိ ဆာဗာများသို့ လွှဲပြောင်းနိုင်ပါသည်။ ဤလွှဲပြောင်းမှုများသည် သက်ဆိုင်ရာဒေတာကာကွယ်ရေးစည်းမျဉ်းများ (ဥပမာ – GDPR)နှင့်အညီ လိုက်နာဆောင်ရွက်ပါသည်။
သင်၏ဒေတာများကို ကျွန်ုပ်တို့ မည်သို့ကာကွယ်သနည်း
ကျွန်ုပ်တို့သည် အောက်ပါကဲ့သို့သော အစီအမံများကို ဆောင်ရွက်ပါသည် –
- အရေးကြီးသောအချက်အလက်များကို ကုဒ်ဝှက်စနစ်ဖြင့် ကာကွယ်ခြင်း
- လုံခြုံသော ဝင်ရောက်ခွင့်ပရိုတိုကောများ အသုံးပြုခြင်း
- ဝန်ထမ်းများအား ဒေတာကာကွယ်ရေးဆိုင်ရာ သင်တန်းပေးခြင်း
ဒေတာပေါက်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
ဒေတာပေါက်ကြားမှုဖြစ်စဉ်တွင်၊ ကျွန်ုပ်တို့သည် –
- ထိခိုက်ခံရသော အသုံးပြုသူများကို ချက်ချင်းအကြောင်းကြားခြင်း
- ပေါက်ကြားမှုများကို စုံစမ်းစစ်ဆေးပြီး လျော့ပါးသက်သာစေခြင်း
- လိုအပ်ပါက သက်ဆိုင်ရာဌာနတာဝန်ရှိသူများထံ သတင်းပို့ခြင်း
အခြားဝဘ်ဆိုဒ်များ၏ လင့်ခ်များ
ကျွန်ုပ်တို့၏ဝန်ဆောင်မှုတွင် ပြင်ပဝဘ်ဆိုဒ်များ၏ လင့်ခ်များ ပါဝင်နိုင်ပါသည်။ ၎င်းဝဘ်ဆိုဒ်များ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုပ်ဆောင်မှုများကို ကျွန်ုပ်တို့ တာဝန်မယူပါ။ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်မူဝါဒများကို ပြန်လည်သုံးသပ်ကြည့်ရှုရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။
ကလေးငယ်များ၏ ကိုယ်ရေးအချက်အလက်ကာကွယ်မှု
ကျွန်ုပ်တို့၏ဝန်ဆောင်မှုသည် အသက် (၁၃) နှစ်အောက် ကလေးငယ်အသုံးပြုသူများအတွက် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဤ အသက် (၁၃) နှစ်အောက် ကလေးငယ်များထံမှ အချက်အလက်များကို သိလျက်နှင့် စုဆောင်းခြင်းမရှိပါ။ ထိုကဲ့သို့သော ဒေတာအချက်အလက်များကို တွေ့ရှိပါက ချက်ချင်းဖျက်ပစ်ပါမည်။
ဤကိုယ်ရေးအချက်အလက်မူဝါဒများအား ပြင်ဆင်ခြင်း
ကျွန်ုပ်တို့သည် ဤကိုယ်ရေးအချက်အလက်မူဝါဒများကို အခါအားလျော်စွာ ပြင်ဆင်နိုင်သည်။ မည်သည့်ပြင်ဆင်ပြောင်းလဲမှုများကိုမဆို ဤစာမျက်နှာတွင် ဖော်ပြပါမည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် ဤပြင်ဆင်ထားသောမူဝါဒများကို သဘောတူလက်ခံခြင်းပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်
သင်သည် မေးခွန်းများ (သို့မဟုတ်) နားမလည်မှုများရှိပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည် –
- အီးမေးလ်: contact@wisdomgarden-mr.com
(English Version)
Wisdom Garden (collectively “we,” “our” or “us”) operates the https://wisdomgarden-mr.com website and app.
This Privacy Policy outlines our policies regarding the collection, use, and disclosure of personal information when you use our Service. By using the Service, you agree to the collection and use of information in accordance with this policy.
What Personal Data We Collect and Why We Collect It
Personal Data: We may collect the following personal data when you use our Service:
- Name
- Email address
- Account preferences
Technical Data:
- IP address
- Browser type and version
- Pages visited and time spent
Purpose of Collection: We collect this information to:
- Provide and improve our services
- Ensure the security of our platform
- Comply with legal obligations (if applicable)
Cookies
Cookies are small data files stored on your device. We use cookies to improve your experience and analyze usage trends. You can control your cookie preferences through your browser settings. Please refer our Cookie Policy.
Analytics
We use third-party analytics services to monitor and improve our Service. These providers may collect data such as pages visited, session duration, and user interactions.
Who We Share Your Data With
We may share your data with trusted third-party service providers to:
- Facilitate the operation of our Service
- Perform Service-related tasks (e.g., hosting, analytics)
- Comply with legal requirements
These providers are obligated to protect your data and use it only for the purposes specified.
How Long We Retain Your Data
We retain data as follows:
- Analytics records: 1 year
- User account data: As long as the account remains active
What Rights You Have Over Your Data
As a user, you have the right to:
- Access your personal data
- Request corrections or updates
- Request deletion of your data
- Opt-out of certain data processing activities
To exercise these rights, contact us at contact@wisdomgarden-mr.com
Data Transfers
Your data may be transferred to servers located outside your country of residence. We ensure that these transfers comply with applicable data protection regulations (e.g., GDPR).
How We Protect Your Data
We implement measures such as:
- Encryption of sensitive information
- Secure access protocols
- Staff training on data protection
Data Breach Procedures
In the event of a data breach, we will:
- Notify affected users promptly
- Investigate and mitigate the breach
- Report to relevant authorities if required
Links to Other Sites
Our Service may contain links to third-party websites. We are not responsible for their privacy practices. We encourage you to review their policies.
Children’s Privacy
Our Service is not intended for users under 13. We do not knowingly collect data from children under this age. If such data is discovered, it will be deleted immediately.
Changes to This Privacy Policy
We may update this policy periodically. Any changes will be posted on this page. Continued use of our Service constitutes acceptance of the updated policy.
Contact Us
If you have any questions or concerns, contact us at:
- Email: contact@wisdomgarden-mr.com




