စည်းမျဉ်းနှင့်သတ်မှတ်ချက်များ
၁။နိဒါန်း
https://wisdomgarden-mr.com ဝက်ဘ်ဆိုဒ်နှင့် Wisdom Garden (“ကျွန်ုပ်တို့” ၊ “ကျွန်ုပ်တို့၏” (သို့မဟုတ်) “ကျွန်ုပ်တို့အား” ဟူသောအသုံးနှုန်းသည် Wisdom Garden ကိုရည်ညွှန်းပါသည်) မှ ဆောင်ရွက်သော ဝက်ဘ်ဆိုဒ်နှင့်အက်ပ်လီကေးရှင်းကို အသုံးမပြုမီ ဤအသုံးပြုမှုစည်းမျဉ်းနှင့်သတ်မှတ်ချက်များကို ဂရုတစိုက်ဖတ်ရှုစေချင်ပါသည်။
ဝန်ဆောင်မှုကို သင်ဝင်ရောက်အသုံးပြုခြင်းနှင့် ကြည့်ရှုခြင်းသည် ဤစည်းမျဉ်းများကို လက်ခံပြီး လိုက်နာမည်ဟု ယူဆပါသည်။ ဤစည်းမျဉ်းများသည် ဝန်ဆောင်မှုကို ဝင်ရောက်ကြည့်ရှုသူများ၊ အသုံးပြုသူများနှင့် အားလုံးသက်ဆိုင်ပါသည်။
ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုခြင်းဖြင့်၊ သင်သည် ဤစည်းမျဉ်းများကို လိုက်နာရန် သဘောတူပါသည်။ ဤစည်းမျဉ်းများ၏ မည်သည့်အပိုင်းကိုမဆို၊ သင်သဘောမတူပါက ဝန်ဆောင်မှုကို သင်ဝင်ရောက်အသုံးပြုခွင့်၊ ကြည့်ရှုခွင့်မရှိပါ။
၂။အကောင့်များ
- သင်သည် ကျွန်ုပ်တို့နှင့် အကောင့်တစ်ခုဖန်တီးသောအခါ၊ သင်၏စကားဝှက်ကို လုံခြုံစွာထိန်းသိမ်းထားရန်နှင့် သင်၏အကောင့်အောက်ရှိ မည်သည့်လုပ်ဆောင်ချက် (သို့မဟုတ်) လုပ်ရပ်များအတွက်မဆို သင်ကိုယ်တိုင်၌ တာဝန်ရှိပါသည်။
- သင်၏စကားဝှက်ကို မည်သည့်ပြင်ပအဖွဲ့အစည်းကိုမျှ ထုတ်ဖော်ခြင်းမပြုရန်၊ သင်သဘောတူပါသည်။ သင်၏အကောင့်တွင် လုံခြုံရေးချိုးဖောက်မှု (သို့မဟုတ်) ခွင့်ပြုချက်မရှိဘဲအသုံးပြုမှုများ သင်သိရှိပါက၊ ကျွန်ုပ်တို့အား ချက်ချင်းအကြောင်းကြားပါ။
၃။မူပိုင်ခွင့်
ဝန်ဆောင်မှုနှင့် မူရင်းအကြောင်းအရာရေးသားမှုများ၊ ကိစ္စရပ်များ၊ အင်္ဂါရပ်များနှင့် လုပ်ဆောင်နိုင်စွမ်းများအားလုံးသည် Wisdom Garden နှင့် ၎င်း၏ခွင့်ပြုချက်ပေးသူများ၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်ပြီး ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
၄။အသုံးပြုသူဖန်တီးထားသော အကြောင်းအရာအတွက် ခွင့်ပြုချက်ပေးခြင်း
Wisdom Garden ပလက်ဖောင်းပေါ်တွင် အကြောင်းအရာတင်သောအခါ၊ သင်သည် အောက်ပါတို့ကို ကိုယ်စားပြု၍ အာမခံသည် –
- အဓိပ္ပာယ်ဖွင့်ဆိုချက်များ
▪️“အကြောင်းအရာ” ဆိုသည်မှာ စာသားများ၊ မေးခွန်းများ၊ အဖြေများ၊ မှတ်ချက်များ၊ ရုပ်ပုံများနှင့် သင်အပ်လုဒ်လုပ်ခြင်း၊ ပို့စ်တင်ခြင်း (သို့မဟုတ်) အခြားနည်းဖြင့် Wisdom Garden ပေါ်တွင် တင်ပြ/ဖော်ပြသည့် အခြားအရာများအားလုံးကို ဆိုလိုသည်။
▪️“Wisdom Garden” (“ကျွန်ုပ်တို့” ၊ “ကျွန်ုပ်တို့၏” (သို့မဟုတ်) “ကျွန်ုပ်တို့အား” ဟုလည်းရည်ညွှန်းသည်) ဆိုသည်မှာ ၎င်း၏ တွဲဖက်များနှင့် ဆက်ခံသူများ အပါအဝင် Wisdom Garden ကုမ္ပဏီလီမိတက်ကို ဆိုလိုသည်။ - သင်ကိုယ်တိုင်မှ ခွင့်ပြုချက်ပေးခြင်း
သင်သည် Wisdom Garden ဝက်ဘ်ဆိုဒ်တွင် အကြောင်းအရာတင်ပြ/ဖော်ပြခြင်းဖြင့်၊ သင်သည် Wisdom Garden နှင့် ၎င်း၏မိတ်ဖက်များ၊ ခွင့်ပြုချက်ရရှိသူများ၊ ဆက်ခံသူများနှင့် လွှဲပြောင်းရယူသူများအား သင်၏အကြောင်းအရာနှင့် စပ်လျဉ်း၍ အောက်ပါတို့အနက်မှ တစ်ခုခုကို ပြုလုပ်ရန် ကမ္ဘာတစ်ဝန်းဆိုင်ရာ၊ အမြဲတမ်း၊ ပြန်လည်ရုပ်သိမ်း၍မရသော၊ ရာသက်ပန်၊ မူပိုင်အခကြေးငွေများမရှိခြင်း၊ ခွင့်ပြုချက်ခွဲပေးနိုင်သောနှင့် လွှဲပြောင်းနိုင်သော လိုင်စင်ခွင့်ပြုချက်ကို ပေးအပ်လိုက်သည်။ ၎င်းတို့မှာ သင့်ထံသို့ (သို့မဟုတ်) မည်သည့်ပြင်ပအဖွဲ့အစည်းကိုမျှ ထပ်မံအကြောင်းကြားခြင်း (သို့မဟုတ်) လျော်ကြေးပေးခြင်းမလိုဘဲ လုပ်ဆောင်နိုင်သည် –
▪️အကြောင်းအရာကို ပုံတူပွားခြင်း (သို့မဟုတ်) အသံသွင်းမှတ်တမ်းများဖြင့် ပြန်လည်ထုတ်လုပ်ခြင်း။
▪️အကြောင်းအရာကို ဖြန့်ဝေခြင်းနှင့် လူသိရှင်ကြားပြသခြင်း။ (ပုံနှိပ်၊ ဒစ်ဂျစ်တယ်၊ (သို့မဟုတ်) ယခုသိရှိထားသော (သို့မဟုတ်) နောင်တွင် တည်ထောင်မည့် အခြားမီဒီယာများ အပါအဝင်)
▪️ဘာသာပြန်ဆိုခြင်း၊ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်ခြင်း၊ အကျဉ်းချုံးခြင်း၊ ကောက်နုတ်ခြင်း (သို့မဟုတ်) အခြားနည်းဖြင့် ပြုပြင်မွမ်းမံခြင်းအပါအဝင် အကြောင်းအရာ၏ ဆင်းသက်လာမှုကို ဖန်တီးခြင်း။
▪️စုစည်းမှု၊ ကဗျာ၊ စာအုပ်၊ အစီရင်ခံစာ (သို့မဟုတ်) အခြားလုပ်ငန်း (ပုံနှိပ်/အီလက်ထရွန်နစ်ပုံစံဖြင့်) ၏ အစိတ်အပိုင်းအဖြစ် အကြောင်းအရာကို ထုတ်ဝေခြင်း။
▪️အကြောင်းအရာကို မည်သည့်ပုံစံ (သို့မဟုတ်) ကြားခံဖြင့် လုပ်ဆောင်ပြီး မီဒီယာတွင် ဖျော်ဖြေခြင်း၊ ထုတ်လွှင့်ခြင်းနှင့်
▪️ဝက်ဘ်ဆိုဒ်၏ အတွင်းပိုင်း (သို့မဟုတ်) အပြင်ပိုင်း ရည်ရွယ်ချက်များအတွက် အကြောင်းအရာကို သိမ်းဆည်းခြင်း၊ cache မှတ်ခြင်း၊ အညွှန်းပြုခြင်း၊ မှတ်တမ်းတင်ခြင်း (သို့မဟုတ်) အခြားနည်းဖြင့် အသုံးပြုခြင်း။ - မူပိုင်အခကြေးငွေများမရှိခြင်း
Wisdom Garden သည် ဤအခွင့်အရေးများကို အသုံးပြုခြင်းအတွက် အခကြေးငွေများ၊ ငွေပေးချေမှုများ (သို့မဟုတ်) အခြားအရာများ ပေးဆောင်ရန်မလိုကြောင်း သင်သဘောတူပါသည်။ - ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အရေးစွန့်လွှတ်ခြင်း
တည်ဆဲဥပဒေအရ ခွင့်ပြုထားသည့်အတိုင်းအတာအထိ၊ သင်သည် သင်၏အကြောင်းအရာနှင့်စပ်လျဉ်း၍ သင်ရရှိနိုင်မည့် မည်သည့် “ကိုယ်ကျင့်တရားဆိုင်ရာအခွင့်အရေးများ” (သို့မဟုတ်) “အလားတူအခွင့်အရေးများ” (သို့မဟုတ်) “အသိအမှတ်ပြုခံပိုင်ခွင့်” (သို့မဟုတ်) “ပြည့်စုံမှုအခွင့်အရေး” အပါအဝင်၊ Wisdom Garden မှ အကြောင်းအရာကို အသုံးပြုမှုနှင့်ပတ်သက်၍ မည်သည့်အခါမျှ မတောင်းဆိုတော့ရန် ဤနေရာတွင် စွန့်လွှတ်ပြီး သဘောတူသည်။ - ရာသက်ပန်နှင့် ပြန်လည်ရုပ်သိမ်း၍မရခြင်း
ဤခွင့်ပြုချက်သည် အမြဲတမ်းတည်မြဲပြီး ပြန်လည်ရုပ်သိမ်း၍မရပါ။ သင့်အကောင့်ကို ဖျက်သိမ်းခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်း (သို့မဟုတ်) သင်၏အကြောင်းအရာများကို ဖျက်သိမ်းရန် တောင်းဆိုသော်လည်း၊ Wisdom Garden နှင့် ၎င်း၏ခွင့်ပြုချက်ရရှိသူများသည် သင်ဤနေရာတွင် ပေးအပ်ထားသော ခွင့်ပြုချက်အောက်တွင် သင်တင်ပြထားခဲ့သည့် အကြောင်းအရာများအားလုံးကို ဆက်လက်အသုံးပြုပြီး ထုတ်ယူသုံးစွဲနိုင်ပါသည်။ - တတိယပါတီ အသုံးပြုမှုများ
Wisdom Garden သည် ဤအပိုင်းအောက်ရှိ ၎င်း၏အခွင့်အရေးများကို မိတ်ဖက်များ၊ စပွန်ဆာများ၊ ဝန်ဆောင်မှုပေးသူများ (သို့မဟုတ်) အခြား(တတိယပါတီ)အဖွဲ့အစည်းများအား ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း (သို့မဟုတ်) အခြားခွင့်ပြုထားသော ရည်ရွယ်ချက်များအတွက် လိုင်စင်ခွင့်ပြုချက်ခွဲဝေပေးနိုင်သည်။ - ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများ
သင်နှင့် Wisdom Garden အကြားတွင်၊ သင်သည် သင်၏အကြောင်းအရာများ(အထက်ဖော်ပြပါ ခွင့်ပြုချက်များမှ လွဲ၍) ၏ ပိုင်ဆိုင်မှုအခွင့်အရေးအားလုံးကို ပိုင်ဆိုင်သည်။ ဤသဘောတူညီချက် (သို့မဟုတ်) သင်၏တင်ပြမှုအကြောင်းအရာအားလုံးသည် ကျွန်ုပ်တို့အား ပိုင်ဆိုင်မှုအခွင့်အရေးတစ်စုံတစ်ရာ ပေးအပ်ထားခြင်းမရှိပါ။ ဤနေရာတွင် အတိအလင်း ဖော်ပြထားခြင်းမရှိသော အခွင့်အရေးများအားလုံးကို သင်ပိုင်ဆိုင်ထားသည်။ - ကိုယ်စားပြုမှုများနှင့် အာမခံချက်များ
သင်သည် အောက်ပါတို့ကို ကိုယ်စားပြု၍ အာမခံသည် –
▪️သင်သည် သင်၏အကြောင်းအရာများနှင့်ပတ်သက်၍ အခွင့်အရေးအားလုံး၏ တစ်ဦးတည်းသော ပိုင်ဆိုင်သူဖြစ်သည်။ (သို့မဟုတ်) သင်သည် လိုအပ်သော အခွင့်အရေးများ၊ ပိုင်ဆိုင်မှုများ၊ မူပိုင်ခွင့်များ၊ လိုင်စင်များ၊ သဘောတူညီချက်များနှင့် ခွင့်ပြုချက်များအားလုံးကို ရရှိထားသည်။
▪️သင်၏အကြောင်းအရာများသည် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း၏ မူပိုင်ခွင့်၊ ကိုယ်ရေးကိုယ်တာလုံခြုံခွင့်၊ လူသိရှင်ကြားအခွင့်အရေး (သို့မဟုတ်) အခြားအခွင့်အရေးများကို ချိုးဖောက်ခြင်း (သို့မဟုတ်) ဖောက်ဖျက်ခြင်း မရှိပါ။
▪️သင်၏အကြောင်းအရာများသည် ၎င်း၏တင်ပြမှုနှင့် အသုံးပြုမှုအတွက် သက်ဆိုင်သည့် ဥပဒေများ၊ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို လိုက်နာပါသည်။
၅။အသုံးပြုသူ၏ တာဝန်များ
Wisdom Garden ပလက်ဖောင်းတွင် အကြောင်းအရာများတင်သောအခါ၊ သင်သည် အောက်ပါတို့ကို ကိုယ်စားပြု၍ အာမခံသည် –
- သင်သည် သင်၏အကြောင်းအရာများကို ပိုင်ဆိုင်သည်။ (သို့မဟုတ်) ၎င်းကိုအသုံးပြုရန်နှင့် မျှဝေရန်လိုအပ်သော လိုင်စင်များ (သို့မဟုတ်) ခွင့်ပြုချက်များအားလုံးကို ရရှိထားသည်။
- သင်၏အကြောင်းအရာများသည် မည်သည့် မူပိုင်ခွင့်၊ ကိုယ်ရေးကိုယ်တာအခွင့်အရေးများ၊ သက်ဆိုင်ရာဥပဒေများ (သို့မဟုတ်) စည်းမျဉ်းများကို ချိုးဖောက်ခြင်းမရှိပါ။
သင်၏အကြောင်းအရာများသည် အခြားသူများ၏ အခွင့်အရေးများကို မထိပါးစေရန် (သို့မဟုတ်) မည်သည့်ဥပဒေများကို ချိုးဖောက်ခြင်းမရှိကြောင်း သင်သည် အပြည့်အဝတာဝန်ယူပါသည်။
၆။အခြားဝက်ဘ်ဆိုဒ်များ၏ လင့်ခ်များ
ကျွန်ုပ်တို့၏ဝန်ဆောင်မှုတွင် Wisdom Garden မှ ပိုင်ဆိုင်ခြင်း (သို့မဟုတ်) ထိန်းချုပ်ခြင်းမရှိသော ပြင်ပအဖွဲ့အစည်းဝက်ဘ်ဆိုဒ်များ (သို့မဟုတ်) ဝန်ဆောင်မှုများ၏ လင့်ခ်များ ပါဝင်နိုင်သည်။
- Wisdom Garden သည် မည်သည့်ပြင်ပအဖွဲ့အစည်း၏ ဝက်ဘ်ဆိုဒ်များ (သို့မဟုတ်) ဝန်ဆောင်မှုများ၏ အကြောင်းအရာများ၊ ကိုယ်ရေးကိုယ်တာမူဝါဒများ၊ (သို့မဟုတ်) လုပ်ထုံးလုပ်နည်းများအတွက် တာဝန်ယူမှုမရှိပါ။
- ထိုကဲ့သို့သော အကြောင်းအရာများ (သို့မဟုတ်) ဝန်ဆောင်မှုများကို အသုံးပြုခြင်း (သို့မဟုတ်) မှီခိုအားထားခြင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်နစ်နာမှု (သို့မဟုတ်) ဆုံးရှုံးမှုများအတွက် ကျွန်ုပ်တို့ တာဝန်မယူပါ။
- မည်သည့်ပြင်ပအဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များ (သို့မဟုတ်) ဝန်ဆောင်မှုများကိုမဆို၊ အသုံးမပြုမီ ၎င်းတို့၏ စည်းမျဉ်းများနှင့် ကိုယ်ရေးကိုယ်တာမူဝါဒများအားလုံးကို ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် အကြံပြုအပ်ပါသည်။
၇။ဖျက်သိမ်းခြင်း
- ကျွန်ုပ်တို့သည် အထက်ဖော်ပြပါစည်းမျဉ်းများကို မည်သည့်အကြောင်းကြောင့်မဆို ချိုးဖောက်ခြင်းတွေ့ရှိပါက၊ ကြိုတင်အကြောင်းကြားခြင်း (သို့မဟုတ်) တာဝန်ယူခြင်းမရှိဘဲ၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုအား ဝင်ရောက်အသုံးပြုခြင်းကို ချက်ချင်းဖျက်သိမ်းရန် (သို့မဟုတ်) ရပ်ဆိုင်းရန် အခွင့်အရေးရှိပါသည်။
- ဖျက်သိမ်းပြီးသည်နှင့် သင်သည် ဝန်ဆောင်မှုကို အသုံးပြုပိုင်ခွင့် ချက်ချင်းရပ်တန့်သွားပါမည်။ သင်၏အကောင့်ကို ဖျက်သိမ်းလိုပါက မိမိအကောင့်၏ ဆက်တင်ထဲတွင် ဝန်ဆောင်မှုကို အချိန်မရွေး ဖျက်သိမ်းနိုင်သည်။
- ပိုင်ဆိုင်မှုအခွင့်အရေးများ၊ အခွင့်အရေးစွန့်လွှတ်မှုများ၊ လျော်ကြေးပေးခြင်းနှင့် တာဝန်ယူမှုဆိုင်ရာ ကန့်သတ်ချက်များအပါအဝင် အချို့သောပြဋ္ဌာန်းချက်များသည် ဖျက်သိမ်းပြီးနောက်တွင်လည်း ဆက်လက်တည်ရှိနေမည်။
၈။တာဝန်မသက်ဆိုင်ကြောင်းရှင်းလင်းချက်
အသေးစိတ်အချက်အလက်များအတွက်၊ အောက်ပါလင့်ခ်တို့ကိုနှိပ်၍ ကိုးကားပါ –
၉။ကျင့်သုံးသည့်ဥပဒေ
ဤစည်းမျဉ်းများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုပြီး ဖြေရှင်းရမည်။ ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်စေနိုင်သော အခြေခံမူများကို ထည့်သွင်းစဉ်းစားခြင်း မရှိပါ။
- ဤစည်းမျဉ်းများတွင်ပါရှိသော မည်သည့်အခွင့်အရေး (သို့မဟုတ်) ပြဋ္ဌာန်းချက်များကို ကျွန်ုပ်တို့က အတည်မပြုသည့်တိုင် ၎င်းအခွင့်အရေးများ ရုပ်သိမ်းသည်ဟု အလိုအလျောက် မှတ်ယူခြင်း မရှိစေရပါ။
- စည်းမျဉ်းပြဋ္ဌာန်းချက်တစ်ခုခုကို တရားရုံးက အကျုံးမဝင်သော (သို့မဟုတ်) ကျင့်သုံးခြင်းမရဟု မှတ်ယူပါက၊ ကျန်စည်းမျဉ်းပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်မည်ဖြစ်သည်။
- ဤစည်းမျဉ်းများသည် ဝန်ဆောင်မှုနှင့်သက်ဆိုင်သော သင်နှင့် Wisdom Garden အကြားရှိ ယခင်သဘောတူညီချက်များအားလုံးကို အစားထိုးသည့် ပြည့်စုံသောသဘောတူညီချက် (စာချုပ်) အဖြစ် မှတ်ယူရမည်ဖြစ်ပါသည်။
၁၀။ဤစည်းမျဉ်းနှင့်သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း
ကျွန်ုပ်တို့သည် ဤစည်းမျဉ်းများကို မည်သည့်အချိန်တွင်မဆို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြင်ဆင်ပိုင်ခွင့်ရှိပါသည်။ ပြင်ဆင်ပြောင်းလဲမှုများသည် ဤစာမျက်နှာပေါ်တွင် ပြဋ္ဌာန်းပြီးသည်နှင့် ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်။
- ပြင်ဆင်ပြောင်းလဲမှုများအတွက် ဤစာမျက်နှာကို အခါအားလျော်စွာ ကြည့်ရှုစစ်ဆေးရန် ကျွန်ုပ်တို့ အကြံပြုအပ်ပါသည်။
- ပြင်ဆင်ပြောင်းလဲမှုများ ဤစာမျက်နှာပေါ်တွင် ထုတ်ပြန်ပြီးနောက်၊ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် ဤပြင်ဆင်ထားသော စည်းမျဉ်းများကို သဘောတူလက်ခံသည်ဟု အလိုအလျောက်မှတ်ယူပါမည်။ အကယ်၍ သင်သည် အသစ်ပြင်ဆင်ထားသော စည်းမျဉ်းများကို သဘောမတူပါက ဝန်ဆောင်မှုကို အသုံးပြုခြင်းမှ ချက်ချင်းရပ်ဆိုင်းပါ။
၁၁။ဆက်သွယ်ရန်
သင်သည် ဤစည်းမျဉ်းများနှင့်ပတ်သက်၍ မေးခွန်းများမေးမြန်းလိုပါက အောက်ပါအတိုင်း ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။
- အီးမေးလ်: contact@wisdomgarden-mr.com
(English Version)
1.Introduction
Please read these Terms and Conditions carefully before using the https://wisdomgarden-mr.com website and app operated by Wisdom Garden (collectively referred to as “we,” “our,” or “us”).
Your access to and use of the Service is conditioned on your acceptance of and compliance with these Terms. These Terms apply to all visitors, users, and others who access or use the Service.
By accessing or using the Service, you agree to be bound by these Terms. If you disagree with any part of these Terms, you may not access the Service.
2.Accounts
- When you create an account with us, you are responsible for safeguarding your password and for any activities or actions under your account.
- You agree not to disclose your password to any third party. If you become aware of any breach of security or unauthorized use of your account, you must notify us immediately.
3.Intellectual Property
The Service and all original content, features, and functionality are and will remain the exclusive property of Wisdom Garden and its licensors.
4.License to User‑Generated Content
When posting content on the Wisdom Garden Platform, you represent and warrant that:
- Definitions
▪️“Content” means all text, questions, answers, comments, images, and other materials that you upload, post, or otherwise submit to Wisdom Garden.
▪️“Wisdom Garden” (also referred to as “we,” “us,” or “our”) means Wisdom Garden Company Limited, including its affiliates and successors. - License Grant by You
By submitting Content to Wisdom Garden, you hereby grant to Wisdom Garden and its affiliates, licensees, successors and assigns a worldwide, perpetual, irrevocable, royalty‑free, sublicensable and transferable license to do any or all of the following with respect to your Content, without further notice or compensation to you or any third party:
▪️Reproduce the Content in copies or phonorecords;
▪️Distribute and publicly display the Content (including via print, digital, or any other media now known or later developed);
▪️Create derivative works of the Content, including by translating, adapting, abridging, excerpting or otherwise modifying it;
▪️Publish and sell (or otherwise monetize) the Content as part of any compilation, anthology, book, report, or other work (in print or electronic form);
▪️Perform and broadcast the Content in any form or medium; and
▪️Store, cache, index, archive or otherwise use the Content for internal or external purposes. - No Royalties
You agree that Wisdom Garden shall owe you no royalties, payments, or other consideration for its exercise of these rights. - Moral Rights Waiver
To the extent permitted by applicable law, you hereby waive and agree never to assert any “moral rights” or “droit moral” or similar rights you may have in your Content, including the right to attribution or integrity, with respect to any use of the Content by Wisdom Garden. - Perpetual and Irrevocable
This license is perpetual and irrevocable. Even if you terminate your account or request deletion of your Content, Wisdom Garden and its licensees may continue to use and exploit all Content you have submitted under the license granted herein. - Third‑Party Uses
Wisdom Garden may sublicense its rights under this section to partners, sponsors, service providers, or other third parties for marketing, publication, distribution or other permitted purposes. - Retention of Ownership; Reservation of Rights
As between you and Wisdom Garden, you retain all ownership rights in your Content (subject to the license above), and neither this Agreement nor your submission grants us any right of ownership in your Content. All rights not expressly granted herein are reserved by you. - Representations and Warranties
You represent and warrant that:
▪️You are the sole and exclusive owner of all rights in and to your Content, or you have obtained all rights, licenses, consents, and permissions necessary to grant the licenses herein;
▪️Your Content does not infringe or violate the intellectual property, privacy, publicity, or other rights of any person or entity;
▪️Your Content complies with all laws, rules and regulations applicable to its submission and use.
5.User Responsibilities
When posting content on the Wisdom Garden Platform, you represent and warrant that:
- You own the rights to your content or have obtained all necessary licenses or permissions to use and share it.
- Your content does not violate any intellectual property rights, personal rights, applicable laws, or regulations.
You accept full responsibility for ensuring that your content does not infringe upon the rights of others or breach any laws.
6.Links to Other Websites
Our Service may contain links to third-party websites or services that are not owned or controlled by Wisdom Garden.
- Wisdom Garden assumes no responsibility for the content, privacy policies, or practices of any third-party websites or services.
- We will not be liable for any damage or loss caused by the use of or reliance on such content or services.
- We strongly recommend reviewing the terms and privacy policies of any third-party websites or services before using them.
7.Termination
- We reserve the right to terminate or suspend access to our Service immediately, without prior notice or liability, for any reason, including breach of these Terms.
- Upon termination, your right to use the Service will cease immediately. If you wish to terminate your account, you may stop using the Service at any time, or terminate your account at any time through your account settings.
- Certain provisions, including ownership rights, warranty disclaimers, indemnity, and limitations of liability, will survive termination.
8.Disclaimer
For more details, refer to:
9.Governing Law
These Terms shall be governed and construed in accordance with the laws of Myanmar, without regard to conflict of law principles.
- Our failure to enforce any right or provision of these Terms will not constitute a waiver of those rights.
- If any provision is deemed invalid or unenforceable by a court, the remaining provisions will remain in effect.
- These Terms constitute the entire agreement between you and Wisdom Garden regarding the Service, superseding any prior agreements.
10.Updates to Terms and Conditions
We reserve the right to modify these Terms at any time without prior notice. Updates will take effect immediately upon being posted on this page.
- We recommend checking this page periodically for changes.
- By continuing to use the Service after modifications are posted, you accept the updated Terms. If you do not agree to the new Terms, you must stop using the Service.
11.Contact Us
If you have any questions regarding these Terms, you may contact us via:
- Email: contact@wisdomgarden-mr.com




